avatar
Eleven Media Group
@elevenmediagroup
11.04.2026 14:43
■ မြဝတီတစ်ဖက်ကမ်း မဲဆောက်မြို့ TK ကြီးစက်ရုံတွင် သင်္ကြန်အထူးလျော့ဈေး ဈေးရောင်းပွဲတော်ကျင်းပ

မြဝတီတစ်ဖက်ကမ်း မဲဆောက်မြို့ TK ကြီးစက်ရုံတွင် သင်္ကြန်အထူးလျော့ဈေး ဈေးရောင်းပွဲတော် ကျင်းပလျက်ရှိရာ မြဝတီဘက်မှလာရောက်သည့် မြန်မာနိုင်ငံသားအများအပြား လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မဲဆောက်မြို့ အဝတ်အထည်ဈေးကွက်မှာ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချပေးနေသော TK Outlet Maesod ၏ သင်္ကြန်ပရိုမိုးရှင်း အထူးအစီအစဉ်များကို ဧပြီ ၃ ရက်မှ ဧပြီ ၁၆ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အထူးပရိုမိုးရှင်းအနေဖြင့် အထည်များရောင်းချပေးမည့် ၅၀ ရာခိုင်နှုန်းလျော့ပြီး ရောင်းချသော ရွှေနာရီအချိန်အဖြစ် နေ့စဉ် မွန်းလွဲ ၂ နာရီချိန်မှ ညနေ ၃ နာရီခွဲအထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

■ Website Link >>>> https://news-eleven.com/article/311232
👍 15
8
👏 2
1 1 1.2K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram