avatar
Eleven Media Group
@elevenmediagroup
11.04.2026 12:23
■ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန် အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျ်တာဘာ၏ မျက်နှာတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ

အီရန်စစ်ပွဲအစပိုင်းတွင် ဖြစ်ပွားခဲ့သေည့် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျာတာဘာ ခါမေနီ၏ မျက်နှာတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း အီရန်၏ အထူးသီးသန့်အသိုင်းအဝိုင်းနှင့် နီးစပ်သူ သုံးဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

လက်ရှိတွင် မိုဂျ်တာဘာသည် မျက်နှာနှင့် ခြေထောက်ဒဏ်ရာများမှ ပြန်လည်သက်သာလာစေရန် ကုသမှုခံယူနေရဆဲဖြစ်သည်ဟုဆိုသည်။

တီဟီရန်မြို့လယ်ရှိ ထိပ်သီးခေါင်းဆောင်၏ စံအိမ်ဝင်းအတွင်း တိုက်ခိုက်ခံရမှုကြောင့် မိုဂျ်တာဘာ ခါမေနီ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပြီး ၎င်း၏ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းမြစ် သုံးခုစလုံးက ဆိုသည်။
အသက် ၅၆ နှစ်အရွယ်ရှိ ခါမေနီသည် ရရှိထားသော ဒဏ်ရာများမှ ပြန်လည်သက်သာလာနေပြီး စိတ်ပိုင်းဆိုင်ရာအရလည်း ထက်မြက်မှုရှိနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသည့် အဆိုပါသတင်းမြစ်များက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၎င်း၏ဖခင်ဖြစ်သူ အယာတိုလာ အလီခါမေနီသေဆုံးခဲ့ပြီးနောက် မတ်လ ၈ ရက်တွင် ဖခင်ဖြစ်သူခါမေနီ၏ နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရချိန်ကတည်းက မိုဂျ်တာဘာ ခါမေနီ ၏ ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် အသံဖိုင်တစ်ခုတစ်လေမျှ ထုတ်ပြန်ခြင်းမရှိသေးပေ။

ထို့ကြောင့် ၎င်း၏လက်ရှိ တည်နေရာ၊ ကျန်းမာရေးအခြေအနေနှင့် နိုင်ငံကိုအုပ်ချုပ်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည်မှာ အီရန်ပြည်သူများအတွက် နက်နဲသော လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
မိုဂျ်တာဘာ ရရှိခဲ့သည့် ဒဏ်ရာအတိုင်းအတာ သို့မဟုတ် ၎င်း၏ ပုံရိပ်နှင့် အသံမှတ်တမ်းများ ယနေ့တိုင် ထွက်ပေါ်မလာရခြင်း အကြောင်းရင်းများနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏ မေးမြန်းမှုများကို ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့က တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

■ Ref: Reuters

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : @elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
Eleven Media Group Co., Ltd
Eleven Media Group was established on June, 2000
👍 19
7
1 2 1.8K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram