■ အီရန်နှင့်ဆွေးနွေးရန် အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်သို့ ရောက်ရှိလာ
အီရန်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်သည့်အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း လေကြောင်းဆိုင်ရာ သတင်းမြစ်တစ်ခုက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။
ဗန့်စ်သည် အထူးကိုယ်စားလှယ် စတိဗ် ဝှစ်ကော့ဖ်၊ ဂျရတ် ကုရှ်နာတို့နှင့်အတူ ဧပြီ ၁၁ ရက်နှောင်းပိုင်းတွင် အီရန်နှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ တက်ရောက်မည်ဖြစ်သည်။
ဗန့်စ်နှင့် ၎င်း၏ ညှိနှိုင်းရေးအဖွဲ့သည် ဧပြီ ၁၀ ရက်က အမေရိကန်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ထိုခရီးစဉ် မထွက်ခွာမီတွင် ဗန့်စ်က ၎င်းအနေဖြင့် ဆွေးနွေးပွဲများကို မျှော်လင့်နေကြောင်း၊ သို့သော် အီရန်က မိမိတို့အား လှည့်စားရန် ကြိုးပမ်းမည်ဆိုပါက အမေရိကန်ဘက်က လက်ခံမည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
■ Ref:BBC
■ Website Link >>>>
https://news-eleven.com/article/311231
■ Eleven Website:
https://news-eleven.com
■ Eleven Broadcasting YouTube:
https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:
https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel :
@elevenmediagroup
■ Eleven Viber :
https://vb.me/elevenmediagroup
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram