■ Sentebale အမည်ရှိ အာဖရိက HIV/AIDS ဆိုင်ရာပရဟိတအဖွဲ့က ဗြိတိန်မင်းသားဟယ်ရီကို အသရေဖျက်မှုဖြင့် တရားစွဲဆို
ဗြိတိန်မင်းသား ဟယ်ရီနှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည့် Sentebale အမည်ရှိ အာဖရိက အေအိုင်ဒီအက်စ် (AIDS) ပရဟိတအဖွဲ့က မင်းသားဟယ်ရီကြောင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုရှိခဲ့သည်ဟုဆိုကာ ၎င်းအား တရားစွဲဆိုလိုက်ကြောင်း ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မင်းသားဟယ်ရီကမူ အဆိုပါအသရေဖျက်မှုဆိုင်ရာ စွပ်စွဲချက်များကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။
မင်းသားဟယ်ရီသည် ကွယ်လွန်သူ မိခင်ဖြစ်သည့် မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုသောအားဖြင့် HIV/AIDS ရောဂါခံစားနေရသူများကို ကူညီထောက်ပဲ့သည့် Sentebale အမည်ရှိ ပရဟိတအဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် ပူးတွဲတည်ထောင်သူအဖြစ် ကူညီတည်ထောင်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဟယ်ရီသည် ထိုအဖွဲ့၏ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကျယ် အငြင်းပွားခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ထိုအဖွဲ့မှ နုတ်ထွက်ခဲ့သည်။
တရားရုံးမှတ်တမ်းများအရ လန်ဒန်တရားရုံးချုပ်တွင် တရားစွဲဆိုထားသည့် အဆိုပါအမှု၌ ဟယ်ရီနှင့် ယခင် Sentebale အုပ်ထိန်းသူတစ်ဦးဖြစ်သူ မာ့ခ်ဒိုင်ယာတို့ကို တရားစွဲဆိုခံရသူများအဖြစ် ဖော်ပြထားသည်။
"Sentebale ကို ပူးတွဲတည်ထောင်သူနဲ့ အုပ်ထိန်းသူတွေအနေနဲ့ အခုလို စော်ကားပြီး ထိခိုက်စေတဲ့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်" ဟု ဟယ်ရီနှင့် ဒိုင်ယာတို့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
"ဆယ်စုနှစ်နှစ်ခုစာနီးပါး အဖွဲ့အစည်းကို တည်ဆောက်ပြီး ပံ့ပိုးကူညီခဲ့ကြသူတွေကို တရားစွဲဆိုဖို့အတွက် အခုလို ပရဟိတရန်ပုံငွေတွေကို အသုံးပြုနေတာဟာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုပါပဲ။ တကယ်ဆိုရင် ဒီရန်ပုံငွေတွေကို ပရဟိတအဖွဲ့ တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း ကူညီစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ လူ့အသိုက်အဝန်းတွေဆီကိုပဲ ဦးတည်ပေးပို့သင့်တာပါ" ဟု ဟယ်ရီနှင့် ဒိုင်ယာတို့၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အစောပိုင်းက AFP သတင်းဌာနသို့ ပေးပို့သော Sentebale အဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အဖွဲ့အစည်း၊ ခေါင်းဆောင်ပိုင်းနှင့် မဟာဗျူဟာမြောက် မိတ်ဖက်များအပေါ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အနှောင့်အယှက်များနှင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည့် စနစ်တကျ ပေါင်းစပ်လုပ်ဆောင်လာသော မီဒီယာတိုက်ခိုက်မှုများကြောင့် တရားရုံးချုပ်တွင် တရားစွဲဆိုမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ Ref:AFP
■ Website Link >>>>
https://news-eleven.com/article/311229
■ Eleven Website:
https://news-eleven.com
■ Eleven Broadcasting YouTube:
https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:
https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel :
@elevenmediagroup
■ Eleven Viber :
https://vb.me/elevenmediagroup
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram