avatar
Eleven Media Group
@elevenmediagroup
11.04.2026 11:40
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander AZIZOV နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်သည့်အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGYENKO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် တွေဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Uladzimir BARAVIKOU နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံ့ခေါင်း ဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်သွားရောက်မှုအခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကိုက ပေးအပ်လိုက်သည့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လက်ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် နိုင်ငံတော်သမ္မတနှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Valdrack Jaentschke ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက်မွန်းလွဲပိုင်းတွင် တွေဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Celero Escorcia တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

■ Website Link >>>> https://news-eleven.com/article/311228

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : @elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
Eleven Media Group Co., Ltd
■နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှား၊ ဘယ်လာရုစ်၊ နီကာရာဂွါနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ သီးခြားစီတွေ့ဆုံဆွေးနွေး
■မြန်မာနိုင်ငံနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် နိုင်ငံတော်သမ္မတကတိသစ္စာပြုပွဲတက်ရောက်ခဲ့သည့် လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှား၊ ဘယ်လာရုစ်၊ နီကာရာဂွါနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ ဧပြီ ၁၀ ရက်က သီးခြားစီတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။ 
👍 21
5
😱 1
1 1 1.4K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram