avatar
Eleven Media Group
@elevenmediagroup
11.04.2026 11:40
■နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှား၊ ဘယ်လာရုစ်၊ နီကာရာဂွါနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ သီးခြားစီတွေ့ဆုံဆွေးနွေး

■မြန်မာနိုင်ငံနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် နိုင်ငံတော်သမ္မတကတိသစ္စာပြုပွဲတက်ရောက်ခဲ့သည့် လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှား၊ ဘယ်လာရုစ်၊ နီကာရာဂွါနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ ဧပြီ ၁၀ ရက်က သီးခြားစီတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့တက်ရောက်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITIKHOUN နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာနညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီ ၁၀ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံသံအမတ်ကြီး H.E.Mr. Bounphieng CHANTHAVONG ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံများအကြား သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha - Nukar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ပြီးထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေးလိမ် လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အလားတူ နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် H.E.Mr. Kitti Settha Pandita CHAM Prasidh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီ ၁၀ ရက်ညနေပိုင်းတွင် တွေ့ဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီး H.E. Mr. Cheng နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
👍 22
8
🤬 1
1 1 1.3K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram