avatar
Eleven Media Group
@elevenmediagroup
11.04.2026 11:08
■ ရွှေက္ကိုလ်နှင့်ဆက်စပ်နေသည့် တရုတ်လောင်းကစားသမားတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းမိ

ရွှေက္ကိုလ်နှင့်ဆက်စပ်နေသည့် တရုတ်လောင်းကစားသမားတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းမိခဲ့ကြောင်း The Nation က သတင်းဖော်ပြသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ၎င်းကို ပတ္တရားရှိ ဇိမ်ခံရေကူးကန် ပါဝင်သည့် အဆင့်မြင့်ဗီလာတစ်ခု၌ ဧပြီ ၈ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဗျူရိုနှင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကလည်း အလိုရှိနေသည့် အသက် ၃၂ နှစ်အရွယ် ပေမင်ရှီကို ဘန်ကောက်ရှိ တရုတ်သံရုံးက စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရွှေက္ကိုလ်ဒေသရှိ လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ကွန်ရက်များ၏ အဓိကထိန်းချုပ်သူတစ်ဦးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားသည်။

၎င်းမှာ လောင်းကစားဝက်ဘ်ဆိုက်ပေါင်း ၂၃၉ ခုကို ထိန်းချုပ်ထားပြီး လည်ပတ်ငွေမှာ ထိုင်းဘတ်ငွေ ၁၃ ဒသမ ၁၈ ဘီလျံရှိသည်ဟု ဖော်ပြထားသည်။

တရုတ်အစိုးရကလည်း ၎င်းကို အရေးတကြီး အလိုရှိနေပြီး ၎င်းမှာ ကာရစ်ဘီယံဒေသရှိ Saint Kitts and Nevis နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည်ဟု သိရသည်။

■ Website Link >>>> https://news-eleven.com/article/311227
👏 16
👍 12
6
1 2 1.7K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram