■ အမေရိကန်နှင့်ဆွေးနွေးရန် အီရန်ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်သို့ ရောက်ရှိလာ
အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အီရန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ၏ အစ္စလာမ္မာဘတ်မြို့တော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အီရန်အစိုးရပိုင် ရုပ်သံဌာနက ဧပြီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် က ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီနှင့် အခြား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အရာရှိကြီးများ လိုက်ပါလာကြောင်း အီရန်နိုင်ငံပိုင် IRIB သတင်းဌာန၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
သို့သော် အမေရိကန်အစိုးရအနေဖြင့် အီရန်၏ ကြိုတင်သတ်မှတ်ချက်များကို လက်ခံမှသာ ဆွေးနွေးပွဲများ စတင်မည်ဆိုသည့် အီရန်၏ ရပ်တည်ချက်ကိုလည်း အီရန်ဘက်ကထပ်လောင်း ပြောကြားခဲ့သည်။
အစ္စလာမ္မာဘတ် ဆွေးနွေးပွဲများတွင် အီရန်၏ နျူကလီးယား သန့်စင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ရေး အပါအဝင် ထိရှလွယ်သော အချက်အလက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အီရန်အနေဖြင့် နိုင်ငံတကာ ရေလမ်းကြောင်းများကို အသုံးပြုပြီး ကမ္ဘာကြီးကို ရေတိုခြိမ်းခြောက် အကျပ်ကိုင်ခြင်းမှလွဲပြီး ဆွေးနွေးပွဲတွင် အသာစီးရနိုင်မည့် အားသာချက်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီ ၁၀ ရက်တွင် ၎င်း၏ Truth Social လူမှုမီဒီယာတွင်ရေးသားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ယခုကဲ့သို့ အမေရိကန်နှင့် အီရန်နှစ်ဖက်စလုံးက တွေ့ဆုံရန် သဘောတူခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း ယခုဆွေးနွေးပွဲများသည် ခက်ခဲလိမ့်မည်ဟု ဆိုသည်။
"ယာယီအပစ်အခတ်ရပ်စဲရေးကို ကြေညာနိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ အဲဒီထက်ပိုပြီး ခက်ခဲတဲ့အဆင့်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့နဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးမှုတွေကနေတစ်ဆင့် ဖြေရှင်းသွားရမယ့် အဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ အင်္ဂလိပ်လိုဆိုရင်တော့ အောင်မြင်မလား၊ ပျက်စီးမလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် 'make or break' အခြေအနေမျိုးပဲ ဖြစ်ပါတယ်"ဟု ရှရစ်ဖ်ကပြောကြားခဲ့သည်။
■ Ref:AFP
■ Website Link >>>>
https://news-eleven.com/article/311226
■ Eleven Website:
https://news-eleven.com
■ Eleven Broadcasting YouTube:
https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:
https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel :
@elevenmediagroup
■ Eleven Viber :
https://vb.me/elevenmediagroup
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram