■ Artemis II အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ
Artemis II မစ်ရှင်ဖြင့် လ၏ မျက်နှာပြင်အနီးသို့ သွားရောက်ခဲ့သည့် Orion အာကာသယာဉ်နှင့် အာကာသယာဉ်မှူးလေးဦးသည် အာကာသအတွင်း ၁၀ ရက်နီးပါးကြာ နေထိုင်ခဲ့ပြီးနောက် ဧပြီ ၁၀ ရက်တွင် ကမ္ဘာ့လေထုအတွင်းသို့ အရှိန်အဟုန်ဖြင့် ဖြတ်သန်းဝင်ရောက်ကာ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
ယင်းသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း လမျက်နှာပြင်အနီးသို့ လူသားတို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
NASA ၏ Integrity ဟု အမည်ပေးထားသော Orion အာကာသယာဉ်၏ capsule သည် ပစိဖိတ်စံတော်ချိန် ညနေ ၅ နာရီ ၇ မိနစ်ခန့်တွင် ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းလွန်ရှိ ပင်လယ်ပြင်အတွင်းသို့ လေထီးဖြင့် ညင်သာစွာ ဆင်းသက်ခဲ့သည်။
ယင်းခရီးစဉ်အတွင်း အာကာသယာဉ်မှူးများသည် ကမ္ဘာမြေမှ မိုင်ပေါင်း ၂၅၂၀၀၀ အကွာအထိ ရောက်ရှိခဲ့ကြပြီး ယင်းသည် လူသားတို့ ယခင်က ပျံသန်းခဲ့ဖူးသမျှထက် ပိုမိုနက်ရှိုင်းသော အာကာသဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
Artemis II ခရီးစဉ်သည် ကမ္ဘာပတ်လမ်းကြောင်းနှစ်ခုနှင့် လမျက်နှာပြင်အနီး ပျံသန်းမှုတို့အပါအဝင် မိုင်ပေါင်း ၆၉၄၃၉၂ မိုင် (၁ ဒမသ ၁၂ သန်း ကီလိုမီတာ) ခရီးနှင်ခဲ့ပြီး ယင်းသည် ၂၀၂၈ ခုနှစ်တွင် စတင်မည့် လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ်မှူးများ ပြန်လည်စေလွှတ်နိုင်ရန် ရည်ရွယ်သည့် Artemis မစ်ရှင် အစီအစဉ်များအနက် ပထမဆုံးအကြိမ် လူသားများ လိုက်ပါသော စမ်းသပ်ပျံသန်းမှု ခရီးစဉ်ဖြစ်ခဲ့သည်။
■ Ref: Bangkok Post
■ Website Link >>>>
https://news-eleven.com/article/311225
■ Eleven Website:
https://news-eleven.com
■ Eleven Broadcasting YouTube:
https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:
https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel :
@elevenmediagroup
■ Eleven Viber :
https://vb.me/elevenmediagroup
Обсуждение 2
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram