avatar
Eleven Media Group
@elevenmediagroup
10.04.2026 17:20
လွှတ်တော် ရပ်နားစဉ်ကာလတွင် ပြည်သူ့အသံ နားထောင်ခြင်း ၊ ပြည်သူ့ အကျိုးဆောင်ရွက်ခြင်း ၊ အမျိုးသား အကျိုးစီးပွားကို အလေးနက်ထားပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်ကြဖို့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

လွှတ်တော် ရပ်နားစဉ်ကာလတွင် ပြည်သူ့အသံ နားထောင်ခြင်း ၊ ပြည်သူ့ အကျိုးဆောင်ရွက်ခြင်း ၊ အမျိုးသား အကျိုးစီးပွားကို အလေးနက်ထားပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်ကြဖို့ လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် က ပြောကြားခဲ့သည်။

လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်မှာ ဒေသခံပြည်သူများ ပေးအပ်မည့်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ရန် အတွက် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက်များကို သိရှိပြီး လွှတ်တော်ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း၊ လိုအပ်တဲ့ဥပဒေကြမ်းများ တင်သွင်း၊ အတည်ပြု ပြဋ္ဌာန်းခြင်း၊ ပြဋ္ဌာန်းပြီးသော ဥပဒေများကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြင်ဆင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများရဲ့ ယုံကြည်အားကိုးမှုကို ရရှိအောင် ကြိုးပမ်းအားထုတ်ကြစေလိုပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်း ယုံကြည် ပါကြောင်း လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံကျော် က လွှတ်တော် အစည်းအဝေး နောက်ဆုံးရက် တွင် တင်ပြခဲ့သည်။


သတင်း အပြည့် အစုံ ဖတ်ရှုရန် - - - >>> https://news-eleven.com/article/31121၆
👍 22
4
👏 2
1 2.9K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram