avatar
Eleven Media Group
@elevenmediagroup
10.04.2026 17:08
မွန်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထု၏ လိုအင်ဆန္ဒများကို ထင်ဟပ်ပေါ်လွှင်စေသည့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်သွားမည်

မွန်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထု၏ လိုအင်ဆန္ဒများကို ထင်ဟပ်ပေါ်လွှင်စေသည့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးအောင်ဝင်းသန်းက ပြောကြားခဲ့သည်။

ဧပြီလ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တာ် ပထမပုံမှန်အစည်းအဝေး (အဌမနေ့) အစီအစဉ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းမှ မွန်ပြည်နယ်လွှတ်တော်သို့ ‌ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည့်အပေါ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်သူမရှိခဲ့သည့်အတွက် မိမိအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရသည်ကို ကျေးဇူးတင်ဂုဏ်ယူမိကြောင်းကို လေးစားစွာပြောကြာအပ်ပါကြောင်း၊ ထို့အပြင် ယခုကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မွန်ပြည်နယ်လွှတ်တော်တွင် ပထမဆုံးအကြိမ်၊ စကားပြောခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူဝမ်းသားမိကြောင်းကို တင်ပြအပ်ပါကြောင်း ဦးအောင်ဝင်းသန်း ကပြောကြားသည်။

သတင်း အပြည့် အစုံ ဖတ်ရှုရန် - - - >>> https://news-eleven.com/article/311215
Eleven Media Group Co., Ltd
မွန်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထု၏ လိုအင်ဆန္ဒများကို ထင်ဟပ်ပေါ်လွှင်စေသည့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်သွားမည်
မွန်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထု၏ လိုအင်ဆန္ဒများကို ထင်ဟပ်ပေါ်လွှင်စေသည့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးအောင်ဝင်းသန်းက ပြောကြားခဲ့သည်။
👍 18
12
👏 2
1 2 2.8K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram