Eleven Media Group
@elevenmediagroup
■ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များကို စဉ်းစားဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
■ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆို
အစိုးရသစ်အနေဖြင့် လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များကို စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဧပြီ ၁၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင်လည်း ဟန်ချက်ညီဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးရှိအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း မိတ်ဆွေနိုင်ငံများနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားပြီး နိုင်ငံတကာဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲရေး မူကြီး ငါးချက်နဲ့အညီ ခိုင်မာအောင်တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရေး၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရစေရေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတပြီး တိကျမှန်ကန်မြန်ဆန်စွာ တရားစီရင်နိုင်ရေးအတွက် တရားရုံးများ ဖြောင့်မတ်မှန်ကန်ရေးကို ဦးစားပေးဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှ ရရှိစေဖို့၊ မှားယွင်းပြီး အပြစ်စီရင်ခြင်း မခံရဖို့၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေဖို့ကို ဦးစားပေးဖော်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ကို တရားဥပဒေစိုးမိုးရေးက အဓိကအခြေခံအုတ်မြစ် မရှိမဖြစ် လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ချုပ်ဆိုထားသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး ဆွေးနွေးအတည်ပြုသွားမည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) မှာ ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်တွေကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့သလို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေလိုအပ်တဲ့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကတိသစ္စာပြုအပြီး သတင်းမီဒီယာတစ်ခုက ရက် ၁ဝဝ အတွင်း မည်သည့်ကိစ္စရပ်အား ဦးစားပေးဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းမှုအပေါ် ပြောကြားသည်။

👍 21
❤ 9
👏 1
1 2.4K
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram