avatar
Eleven Media Group
@elevenmediagroup
10.04.2026 13:16
■ ရှမ်းပြည်နယ် လွှတ်တော် သတ္တမရက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အကြီးအကဲများ လွှတ်တော် ဥက္ကဌ ရှေ့မှောက်တွင် ကတိသစ္စာပြု
ရှမ်းပြည်နယ် လွှတ်တော် သတ္တမရက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အကြီးအကဲများ လွှတ်တော် ဥက္ကဌ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၊ (သတ္တမနေ့) အဖြစ် ဧပြီလ (၁၀) ရက် ၊ သောကြာနေ့ တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က လွှတ်တော် ဥက္ကဌ ရှေ့မောက်တွင် ကတိသစ္စာ ပြုပြီးနောက် ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် နှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးအပ်ပြီးဖြစ်သော သူများက လွှတ်တော် ဥက္ကဌ ရှေ့တွင် ကတိသစ္စာ ပြုခဲ့ကြသည်။

■ Read more >>>>> https://news-eleven.com/article/311206
👍 16
8
👏 1
1 2 2.3K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram