■ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဥက္ကဌ အပါအဝင်အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းကြောင်း ယနေ့(ဧပြီ ၁၀ ရက်)တွင် အမိန့်(၃၀/၂၀၂၆)ဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများမြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့အရ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
ကော်မရှင်တွင်ဥက္ကဌအဖြစ် ဦးသစ်လင်းအုန်း အဖွဲ့ဝင်များအဖြစ် ဒေါက်တာ မြင့်သူမြိုင်၊ ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်း၊ ဦးသန်းဝင်း၊ ဦးတင်ကိုကို၊ ဦးအုန်းခိုင်၊ ဒေါက်တာ နုနုရီ၊ ဒေါ်စန္ဒာ၊ ဒေါက်တာ ဆွေဆွေအောင်၊ ဒေါက်တာ တင်ဌေးအိ၊ ဒေါက်တာ ဥမ္မာကျော်တို့ပါဝင်သည်။
■ Read more >>>>>
https://news-eleven.com/article/311194
Обсуждение 2
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram