■ သက်သာသောဈေးနှုန်းများဖြင့် ဆန်ရောင်းချပေးမှုများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်
သက်သာသောဈေးနှုန်းများဖြင့် ဆန်ရောင်းချပေးမှုများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် မတ်လဆန်းမှစတင်၍ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ၊ စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အခြေခံ ပြည်သူများ ဝယ်ယူစားသုံးသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတမှုဖြစ်စေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်စက်များတွင် ဧည့်မထ ဆန် တစ်ပြည်လျှင် ၂၅ဝဝ ကျပ်ဖြင့် ရောင်းချပေးခြင်း၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်းစားဆန်များကို ဆန်အမျိုးအစား/ အရည်အသွေးပေါ် မူတည်၍ တစ်ပြည်လျှင် ၃ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အတွင်း ရောင်းချပေးခြင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန် အမျိုးအစား/ အရည်အသွေးပေါ် မူတည်၍ တစ်ပြည်လျှင် ၅ဝဝဝ ကျပ်မှ ၆ဝဝဝ ကျပ်အတွင်း ရောင်းချပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝါးတန်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်များတွင် ၂၄ ပြည် ဧည့်မထ ဆန်တစ်အိတ်လျှင် ၆ဝဝဝဝ ကျပ်ဖြင့် ရောင်းချပေးခြင်း၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်းစားဆန်များ ကို ဆန်အမျိုးအစား/ အရည်အသွေးပေါ် မူတည်၍ ၂၄ ပြည် ဆန်တစ်အိတ်လျှင် ရဝဝဝဝ ကျပ်မှ ၈၅ဝဝဝ ကျပ်အတွင်း ရောင်းချပေးခြင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ် မူတည်၍ ၂၄ ပြည် ဆန်တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်မှ ၁၄ဝဝဝဝ ကျပ်အတွင်း ရောင်းချပေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ စက်ရုံများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနများ အတွက် ၁၅ % ဧည့်မထ ၁၀ ကီလို ငါးပြည်အိတ် တစ်အိတ်လျှင် ၁၂၅ဝဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁ဝ ကီလို ငါးပြည်အိတ် တစ်အိတ်လျှင် ၂၈ဝဝဝ ကျပ်ဖြင့် ရောင်းချပေးခြင်း၊ စက်မှုဇုန်များ၊ စက်ရုံများနှင့် လူမှုရေး-ဘာသာရေး-ပညာရေး အသင်းအဖွဲ့/ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ဆန်လိုအပ်ချက်ရှိပါက ဖော်ပြပါအသင်းများ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်ညှိနှိုင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
အဆိုပါဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅ဝ)၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (၀၉-၄၅၇၈၀၀၃၁၁)၊ ဝါးတန်းကုန်စည်ဒိုင် (၀၉-၅၁၂၃၄၁၄၊ ၀၉-၅၁၅၂၆၀၁)၊ ဘုရင့်နောင်ကုန်စည်ဒိုင် (၀၉-၇၆၉၀၂၉၄၂၈) တို့ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
■ Read more >>>>>
https://news-eleven.com/article/311192
Обсуждение 2
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram