■ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်နှင့် ချောင်းသာကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများကို ကြိုတင်စာရင်းပေးသွင်းထားမှု ၇၅ ရာခိုင်နှုန်းခန့်ရှိ
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်နှင့် ချောင်းသာကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများကို ကြိုတင်စာရင်းပေးသွင်းထားမှု ၇၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။.
မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပိတ်ရက် ကိုးရက်တာအတွင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင် အပန်းဖြေအနားယူရန် ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်အား ကြိုတင်စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်ဟု ပြန်ကြားရေးဝန်ကြီးဌာက ထုတ်ပြန်သည်။
ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၂၆ လုံး၊ အခန်းပေါင်း ၅၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်းပေါင်း ၄၄၃ လုံး၊ အခန်းပေါင်း ၆၈၁၃ ခန်းရှိရာ ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် တည်းခိုခန်းပေါင်း ၅၀၆၉ လုံးတွင် အခန်းပေါင်း ၁၂၀၈၈ ခန်း၌ သင်္ကြန်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုနိုင်ရန် အသင့်ဖွင့်လှစ်ထားကြောင်း သိရသည်။
■ Read more >>>>>
https://news-eleven.com/article/311191
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram