avatar
Eleven Media Group
@elevenmediagroup
10.04.2026 10:22
■ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း ဥက္ကဌအဖြစ်တာဝန်ယူမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်း

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း ဥက္ကဌအဖြစ်တာဝန်ယူမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့(ဧပြီ ၁၀ ရက်) တွင် ထုတ်ပြန်သည်။

ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၄ ၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် ဥက္ကဌအဖြစ် ဦးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေး၊ ကောင်စီဝင်များအဖြစ်ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်နှင့် ဦးဇော်အေးမောင်တို့ပါဝင်သည်။

■ Read more >>>>> https://news-eleven.com/article/311190
Eleven Media Group Co., Ltd
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း ဥက္ကဌအဖြစ်တာဝန်ယူမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်း
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း ဥက္ကဌအဖြစ်တာဝန်ယူမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့(ဧပြီ ၁၀ ရက်) တွင် ထုတ်ပြန်သည်။
👍 40
31
👏 1
1 11 2.7K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram