avatar
Eleven Media Group
@elevenmediagroup
10.04.2026 10:03
■ နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြောကြား

နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့(ဧပြီ ၁၀ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား သတင်းမီဒီယာတစ်ခုက ရက် ၁၀၀ အတွင်း မည်သည့်ကိစ္စရပ်အား ဦးစားပေးဆောင်ရွက်မည်ကိုသိလိုကြောင်း မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ထိုသို့ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“တည်ငြိမ်အေးချမ်းမှုရရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားပြီးဆောင်ရွက်သွားရမှာပေါ့။ ဒါကိုပဲ ဦးစားပေးလုပ်ရမှာပေါ့။ အားလုံးခြုံကြည့်ရင်ဒီတစ်ချက်ပဲရှိပါတယ်။ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ တိုင်းပြည်စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့နေကြဖို့နဲ့ အလုပ်လုပ်ကြဖို့တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတဦးညိုစောနှင့် ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများသည် ကတိသစ္စာပြုခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

■ Read more >>>>> https://news-eleven.com/article/311189
Eleven Media Group Co., Ltd
နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြောကြား
နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
👍 33
12
👏 1
5 1 2.9K

Обсуждение 5

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram