avatar
Eleven Media Group
@elevenmediagroup
10.04.2026 06:26
■ မြန်မာနိုင်ငံပြည်တွင်း ဗဟိုပြု၍ ဧပြီလ ၁၀ ရက် တစ်ရက်တည်း ငလျင် နှစ်ကြိမ်လှုပ်ခတ်

မြန်မာနိုင်ငံပြည်တွင်း ဗဟိုပြု၍ ဧပြီလ ၁၀ ရက် တစ်ရက်တည်း အင်အားပမာဏ ၄ ဒသမ ၅ (မဂ္ဂနီကျု အဆင့်ရှိ ငလျင်တစ်ကြိမ်နှင့် အင်အားပမာဏ ၄ ဒသမ ၁ (မဂ္ဂနီကျု အဆင့်ရှိ ငလျင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရသည်။

ဧပြီ ၁၀ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီ၊ ၃၂ မိနစ်၊ ၁၈ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၈၉) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက် (၈) မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅ ဒသမ ၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၀၁) ဒီဂရီ၊ အနက် (၆၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄ ဒသမ ၅ (မဂ္ဂနီကျု) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

■ Website Link >>>> https://news-eleven.com/article/311183
👍 35
12
😱 8
👏 2
1 2 3K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram