avatar
Eleven Media Group
@elevenmediagroup
09.04.2026 20:05
■ AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှုများ ဖြစ်ပွား

■ မှန်ကန်သည့် transaction များအတွက် ငွေပမာဏများကို ပြန်ဖြည့်ပေးမည်ဖြစ်ပြီး ငွေကြေးဆုံးရှုံးမှု မရှိစေရန် အာမခံသည်ဟု AYA Pay ထုတ်ပြန်

AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှုများ ဖြစ်ပွားလျက်ရှိပြီး မှန်ကန်သည့် transaction များအတွက် ငွေပမာဏများကို ပြန်ဖြည့်ပေးမည်ဖြစ်ပြီး ငွေကြေးဆုံးရှုံးမှု မရှိစေရန် အာမခံသည်ဟု AYA Pay ကထုတ်ပြန်သည်။

ဧပြီ ၉ ရက်မှစတင်ကာ AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရခြင်းများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တချို့ကတ်တွေကို နည်းနည်းခြင်း ဖြတ်သွားတယ်။ တချို့ဟာတွေကျတော့ ပမာဏများတယ်။ ဖြတ်သွားတာ။ History လည်းမပေါ်ဘူး" ဟု ငွေဖြတ်တောက်ခံရသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ဖြတ်တောက်ခံရခြင်းမှာ ဘဏ်စနစ်ကို တိုက်ရိုက်ဟက်ခံရခြင်းထက် Card Testing (သို့မဟုတ်) BIN Attack ဟု ခေါ်သည့် ကတ်အချက်အလက် ခိုးယူအသုံးပြုခံရသည့်ဆိုက်ဘာရာဇဝတ်မှု တစ်မျိုးဖြစ်နိုင်သည်ဟု နည်းပညာကျွမ်းကျင်သူအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး AYA Pay က"မကြာသေးမီက ဖြစ်ပေါ်ခဲ့သော AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရခြင်းနှင့် ပတ်သက်၍ AYA Bank မှ Customer များ၏ ငွေကြေးလုံခြုံမှုရှိစေရန် အဓိကထားဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သော online merchant (online shop/application/e-commerce site) များသို့ ငွေပေးချေမှုများကို ယာယီကန့်သတ်ထားပါသည်" ဟု ထုတ်ပြန်ထားသည်။

လက်ရှိဆောင်ရွက်နေသော အစီအစဉ်များမှာ ယခုဖြစ်စဉ်တွင်ပါဝင်သော Card များကို Card အသစ်များဖြင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သော မမှန်ကန်သည့် transaction များအတွက် ငွေပမာဏများကို Customer များထံ ပြန်လည်ဖြည့်ပေးသွားမည်ဖြစ်ပြီး Customer များအနေဖြင့် ငွေကြေးဆုံးရှုံးမှု မရှိစေရန် အာမခံကြောင်း AYA Pay က ထုတ်ပြန်သည်။

AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များအား ပုံမှန်အတိုင်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ကြောင်း၊ Customer များ၏ လုံခြုံရေးကို အမြဲတမ်း ဦးစားပေးထားပြီး အခြေအနေပြောင်းလဲမှုများရှိပါက ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း AYA က ထုတ်ပြန်ထားသည်။

Website Link - - - >>> https://news-eleven.com/article/311181
Eleven Media Group Co., Ltd
■    AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှုများ ဖြစ်ပွား
■    AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှုများ ဖြစ်ပွား ■    မှန်ကန်သည့် transaction များအတွက် ငွေပမာဏများကို ပြန်ဖြည့်ပေးမည်ဖြစ်ပြီး ငွေကြေးဆုံးရှုံးမှု မရှိစေရန် အာမခံသည်ဟု AYA Pay ထုတ်ပြန်   AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှုများ ဖြစ်ပွားလျက်ရှိပြီး မှန်ကန်သည့် transaction များအတွက် ငွေပမာဏများကို ပြန်ဖြည့်ပေးမည်ဖြစ်ပြီး ငွေကြေးဆုံးရှုံးမှု မရှိစေရန် အာမခံသည်ဟု AYA Pay ကထုတ်ပြန်သည်။
👍 35
15
😱 7
😢 1
2 22 3.5K

Обсуждение 2

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram