■ မန္တလေးတိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီး မြန်မာ့ရိုးရာမပျက်လမ်းလျှောက်သင်္ကြန်နှင့်အတူ စတုဒီသာအစီစဥ်များဖြင့် ကျင်းပဆင်နွှဲမည်
မန္တလေးတိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီး မြန်မာ့ရိုးရာမပျက်လမ်းလျှောက်သင်္ကြန်နှင့်အတူ စတုဒီသာအစီစဥ်များဖြင့် ကျင်းပဆင်နွှဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၂၆ခုနှစ်မန္တလေးသင်္ကြန်တွင် MRCCI မန္တလေးတိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှလည်း ပါ၀င်ဆင်နွှဲမည်ဖြစ်ရာ လုပ်ငန်းရှင်အချို့မှလည်းပူးပေါင်းသွားမည့်အကြောင်း အကြိုညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ၉ရက်က MRCCIရုံး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
MRCCIကပြုလုပ်မည့် သင်္ကြန်မဏ္ဍပ်တွင် Main Sponcerအဖြစ် 5BBအပါအ၀င် ရှမ်းရွှေတောင်လက်ဖက်မှ လက်ဖက်စတုဒီသာကျွေးမွေးခြင်း၊ ရွှေရည်၀န်း စိန်ရွှေဆိုင်ရတနာဆိုင်မှ ရွှေကလစ်ကံစမ်းမဲများ ကျဲခြင်းစသည့်တို့အပြင် အခြားစပွန်ဆာကုမ္ပဏီများမှ ၎င်းတို့ထုတ်ကုန်များကို လက်ဆောင်အဖြစ်ပေးဝေခြင်းများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။
" ဒီနှစ်ကတော့ အစဥ်လာမပျက် ပြန်ကျင်းပတယ်ဆိုပေမယ့် ၂၀၂၅ ငလျင်အပြီး မန္တလေးပြန်လည်ရှင်သန်တဲ့အထိမ်းအမှတ်နဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ဒီသင်္ကြန်မှာကျွန်တော်တို့MRCCIနဲ့ပူးပေါင်းတဲ့လုပ်ငန်းရှင်တွေ အများအပြားပါ၀င်ပါတယ်။ MRCCIသင်္ကြန်ဆိုပေမယ့် ညီနောင်အသင်းသားတွေ၊ လုပ်ငန်းရှင်များရဲ့ သင်္ကြန်ဖြစ်ပါတယ်။ ရိုးရာသင်္ကြန်နဲ့အတူလမ်းလျှောက်သင်္ကြန်ကိုဆင်နွှဲပါမယ်။
ရေပိုက်တွေပါသလို လောင်းလှေနဲ့ရေပက်တာတွေပါမှာဖြစ်သလို မြန်မာရိုးရာဖြစ်တဲ့ သနပ်ခါးနဲ့လက်ဖက်ကို ဦးစားပေးထားတယ်။ လက်ဖက်ထမင်းစတုဒီသာအပြင် အဆာပြေစားစရာတွေပါ၀င်မယ်။ ကူညီပါ၀င်တဲ့လုပ်ငန်းရှင်တွေရဲ့ထုတ်ကုန်တွေ ဥပမာ မျက်စိဆေးတွေ၊ အသုံးဆောင်ပစ္စည်းတွေ ဖြန့်ဝေပေးတာစတာတွေ ပါ၀င်ပါမယ်" ဟု MRCCI ဥက္ကဌ ဦးတင်လတ်က ဆိုသည်။
MRCCIမဏ္ဍပ်ကို ကျုံးအရှေ့ဘက် ၆၆လမ်း၊ ၂၂လမ်နှင့်၂၃လမ်းကြားတွင်တည်ရှိကာ ဖျော်ဖြေရေးအစီအစဥ်များအဖြစ် ယဥ်ကျေးမှုတက္ကသိုလ်မှ ယိမ်းအဖွဲ့အများ၊ အဆိုတော် နီနီခင်ဇော်နှင့်အခြားအနုပညာရှင်များမှလည်း သီဆိုသွားမည်ဟု သိရသည်။
■ Read more >>>>>
https://news-eleven.com/article/311179
■ Eleven Website:
https://news-eleven.com
■ Eleven Broadcasting YouTube:
https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:
https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel :
@elevenmediagroup
■ Eleven Viber :
https://vb.me/elevenmediagroup
Обсуждение 2
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram