avatar
Eleven Media Group
@elevenmediagroup
09.04.2026 17:04
■နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်​ရောက်မည်

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်​ရောက်မည်ဖြစ်​ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအစိုးရ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီးဌာန Minister of State Mr. Kirti Vardhan Singh သည် မြန်မာနိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုသည့် အခမ်းအနားသို့ တက်ရောက်ရန် ဧပြီ ၈ ရက်က ​ရန်ကုန်မြို့သို့ရောက်ရှိလာ​ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

ထိုသို့ ရန်ကုန်မြိုသို့ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန Minister of State Mr. Kirti Vardhan Singh အား အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းတို့က ကြိုဆိုခဲ့​ကြောင်း သိရသည်။


■ပုံစာ- ရန်ကုန်မြို့သို့​ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံအစိုးရ ကိုယ်စားလှယ်အား​ ​တွေ့ရစဉ်။(အိန္ဒိယသံရုံး)

■Read More >>>>>https://news-eleven.com/article/311176
👍 35
15
👏 1
😱 1
1 3 2.8K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram