■ ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလတွင် မဏ္ဍပ်အမျိုးမျိုး ဖွင့်လှစ်ရန် ပြင်ဆင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမည့် သင်္ကြန်ကာလအတွက် မြို့နယ်အသီးသီး၌ မြို့တော်ဝန်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များနှင့် ပုဂ္ဂလိကမဏ္ဍပ်များကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ဆူးလေမြို့တော်ခန်းမရှေ့တွင် မြို့တော်ဝန်မဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒီတာမဏ္ဍပ်များ ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဟာဗန္ဓုလလမ်းပေါ်တွင် လမ်းလျှောက်သင်္ကြန်များ၊ ပြည်သူ့ရင်ပြင်တွင်လည်း မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“သိမ်တော်ကြီးနားက လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကိုတော့ အကြိုနေ့ညနေပိုင်းမှာ ပြုလုပ်မှာပါ။ရေကစားမယ်။ စတုဒီတာတွေ ကျွေးမယ့်အစီအစဉ်တွေ ရှိပါတယ်” ဟု လမ်းလျှောက်သင်္ကြန်စီစဉ်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
ယခုနှစ် မဟာသင်္ကြန်တွင် ကမ္ဘာအေးဘုရားလမ်းတွင် ပုဂ္ဂလိကမဏ္ဍပ်အချို့ကို တွေ့မြင်ခဲ့ရပြီး အဆိုပါ မဏ္ဍပ်များတွင် ပရိသတ်အကြိုက် အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ လက်မှတ်စျေးနှုန်းများအား သက်ဆိုင်ရာ မဏ္ဍပ်၏ Facebook* Page တွင် ဖော်ပြထားကြောင်း သိရသည်။
ဓာတ်ပုံ - သီဟအောင်
■ Read more >>>>>
https://news-eleven.com/article/311171
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram