■ တောင်ကိုရီးယား တိရိစ္ဆာန်ရုံတစ်ရုံမှ ဝံပုလွေတစ်ကောင်လွတ်သွားသဖြင့် အာဏာပိုင်များက လိုက်လံရှာဖွေ
တောင်ကိုရီးယားနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုမှ ဝံပုလွေတစ်ကောင်လွတ်သွားသဖြင့် လုံခြုံရေးအရ ဒေသတွင်း စာသင်ကျောင်းတစ်ကျောင်းကိုပိတ်ထားခဲ့ကာ လွတ်နေသည့် ဝံပုလွေကို ရှာဖွေနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
၂၀၂၄ ခု နှစ်တွင် မွေးဖွားပြီး အလေးချိန် ၃၀ ကီလိုဂရမ် ခန့်ရှိသော အဆိုပါ ဝံပုလွေထီးသည် ဆိုးလ် မြို့တော်တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ ဒေဂျွန်မြို့ရှိ အပန်းဖြေဥယျာဉ် အ တွင်းရှိ တိရစ္ဆာန်ရုံမှ ဧပြီ ၈ ရက်တွင် လွတ်သွားခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ထိုဝံပုလွေသည် ဧပြီ ၉ ရက်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး ဘေး ကင်းလုံခြုံရေးအတွက် အနီးအနားရှိ ကျောင်း တစ်ကျောင်းကို ပိတ်ထားရသည်။
■Read more >>>>>
https://news-eleven.com/article/311169
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram