avatar
Eleven Media Group
@elevenmediagroup
09.04.2026 10:35
■ တောင်ကြီးမြို့တွင် သင်္ကြန် အခါတွင်း စျေးနေ့ စည်ကားနေ
တောင်ကြီးမြို့တွင် ရိုးရာငါးရက်တစ်စျေး သင်္ကြန်အခါတွင်း စျေးနေ့ စည်ကားနေသည်ကို ဧပြီလ ၉ ရက်တွင် မြင်တွေ့ရသည်။
တောင်ပေါ်ဓလေ့ သင်္ကြန်အခါတွင်း ဘုရားသွားကျောင်းတက်ကုသိုလ် ကောင်းမှုပြုလုပ်လေ့ ရှိသဖြင့် အခါတွင်းစျေးပိတ်လေ့ ရှိကာ ၊ အခါ စျေးနေ့ များတွင်လည်း ရောင်းသူ ဝယ်သူ နည်းပါးလေ့ ရှိသဖြင့်အခါတွင်း စျေးနေ့ ယနေ့တွင် စည်ကားနေခြင်း ဖြစ်သည်။
တောင်ကြီး စျေးနေ့ ခင်းကျင်းရာ ကုန်သည်လမ်းတွင် မနက်ပိုင်း ၂ နာရီ မှ စတင် ရောင်းချသော စျေး ဖြစ်ကာ နေ့စဉ်ဖွင့်ပါကြောင်း ၊သင်္ကြန်တွင်း ရောင်းသူ နည်းပါးကြောင်း၊သင်္ကြန် အကြိုနေ့မှ စ၍ တောင်ကြီးမြို့မစျေးပိတ်မည် ဖြစ်ပါကြောင်း စျေးသည်တစ်ဦးက ပြောပြသည်။
တောင်ကြီးစျေးနေ့ကို သင်္ကြန်ပြီးခါမှ လာမည့် ဧပြီလ ၁၉ ရက်တွင် ထပ်မံ ခင်းကျင်းသွားမည် ဖြစ်ပါကြောင်း ကြားသိရသည်။
ထိုကုန်သည်လမ်းပေါ်တွင်လည်း ညစျေးတန်း စျေးသည်များ အတွက် နေရာ ရွေ့ပြောင်းရေး ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရသည်။
👍 18
16
👏 2
🥰 1
1 3 2.5K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram