avatar
Eleven Media Group
@elevenmediagroup
09.04.2026 10:34
■ ညောင်တုန်းမြို့နယ်တွင် ဆီတန်းစီနေသည့်ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိသဖြင့် ဆီတန်းစီနေသည့်ယာဉ်မောင်း သေဆုံး

ညောင်တုန်းမြို့နယ်တွင် ဆီတန်းစီနေသည့်ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိသဖြင့် ဆီတန်းစီနေသည့်ယာဉ်မောင်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၂၆/၃) နှင့် (၂၆/၄) ကြားတွင် ရန်ကုန်မှ ပုသိမ်သို့မောင်းနှင်လာသော Nissan Diesel (အဖြူရောင်) ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ ဆီတန်းစီရန် ရပ်ထားသော Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယာဉ်တိုက်မှုနေရာသို့ ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ဆားမလောက်ကျေးရွာမှ နိဗ္ဗာန်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် Nissan Diesel (အဖြူရောင်) ယာဉ်ပေါ်ပါကျားနြှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဆားမလောက် တောင်သူလယ်သမားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Photo- MFSD

■ Read more >>>>> https://news-eleven.com/article/311167
Eleven Media Group Co., Ltd
ညောင်တုန်းမြို့နယ်တွင် ဆီတန်းစီနေသည့်ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိသဖြင့် ဆီတန်းစီနေသည့်ယာဉ်မောင်း သေဆုံး
ညောင်တုန်းမြို့နယ်တွင် ဆီတန်းစီနေသည့်ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိသဖြင့် ဆီတန်းစီနေသည့်ယာဉ်မောင်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
😱 15
😢 13
3
👍 2
🥰 1
🤬 1
1 2 2.6K

Обсуждение 1

Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.

Обсудить в Telegram
* Принадлежит организации Meta, которая признана экстремистской и запрещена на территории РФ
Открыть в Telegram