■ ရီယိုအိုလံပစ် စက်ဘီးပြိုင်ကွင်း မီးလောင်မှု မီးသတ်ကားအစီး ၂၀ ဖြင့် ငြှိမ်းသတ်ခဲ့ရ
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့ရှိ အိုလံပစ်ပန်းခြံအတွင်းတည်ရှိသည့် စက်ဘီးပြိုင်ကွင်းတွင် ဧပြီ ၈ ရက်မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကာ မီးသတ်ကားအစီး ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ထိန်းချုပ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မီးက အခြားအဆောက်အအုံများသို့ မကူးခဲ့ဘဲ လူထိခိုက်ဒဏ်ရာရမှုလည်း မရှိဟု အာဏာပိုင်များကထုတ်ပြန်ခဲ့သည်။
မီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ထိုနေ့နံနက် ၄ နာရီ ၁၇ မိနစ်တွင် မီးလောင်သည့်သတင်းရရှိသဖြင့် မီးသတ်ကား အစီး ၂၀ နှင့် မီးသတ်တပ်ဖွဲ့ဝင် ၈၀ တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။
၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲအတွက် တည်ဆောက်ခဲ့သည့် အားကစားကွင်းဖြစ်ပြီး လက်ရှိတွင် မြို့တော်အစိုးရက တာဝန်ယူစီမံလျက်ရှိသည်။
အဆောက်အအုံအတွင်း၌ အိုလံပစ်ပြတိုက်တည်ရှိပြီး အိုလံပစ်မီးရှူးတိုင်နှင့် ဆုတံဆိပ်များအပါအဝင် အိုလံပစ်ပြိုင်ပွဲဝင် အမှတ်တရပစ္စည်းများနှင့် သမိုင်းဝင်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။
မီးသတ်ဝန်ထမ်းများက အဆောက်အအုံ၏ အတွင်းအပြင် နှစ်ဖက်လုံးမှ မီးငြှိမ်းသတ်ခဲ့ရကာ ပြတိုက်ထဲမှ အဖိုးတန်ပစ္စည်းများ မပျက်စီးရအောင် အစွမ်းကုန်ကြိုးပမ်းခဲ့ရသည်။
အဆိုပါစက်ဘီးစီးကွင်းသည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးနှင့် အထင်ရှားဆုံး အားကစားကွင်းဖြစ်ပြီး နိုင်ငံလက်ရွေးစင် စက်ဘီးစီးအသင်းနှင့် အလေးမအသင်းတို့အတွက် လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုသည့်နေရာဖြစ်သည်။
၂၀၁၇ ခုနှစ်ကလည်း အဆောက်အအုံ၏အမိုးတွင် နှစ်ကြိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းအကျဉ်းပျက်စီးခဲ့သည်။
Photo : AP & Reuters
■ Read more >>>>>
https://news-eleven.com/article/311166
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram