MNL ကလပ်အသင်းများ Betting စပွန်ဆာရယူမှုကို ပိတ်ပင်တားဆီးမည်ဟု ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်
MNL ကလပ်အသင်းများ Betting စပွန်ဆာရယူမှုကို ပိတ်ပင်တားဆီးမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။
၂၀၂၆-၂၇ ရာသီသစ်အတွက် မြန်မာနေရှင်နယ်လိဂ် နှင့် မြန်မာအမျိုးသမီးလိဂ် အစည်းအဝေးကျင်းပရာတွင် ယင်းအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဋ္ဌ (၁) နှင့် မြန်မာနေရှင်နယ်လိဂ် CEO ဦးကိုကိုသိန်းမှ ၂၀၂၆-၂၇ ဘောလုံးရာသီသစ်အတွက် ပြိုင်ပွဲများ ကျင်းပသွားမည့် အစီအစဉ်များ၊ တန်းဆင်း/တန်းတက်ကိစ္စရပ်များ၊ ဒဂုံပေါ့အက်ဖ်စီ(လိဂ်-၁)နှင့် ကချင်ယူနိုက်တက်(လိဂ်-၂)အသင်းတို့ နုတ်ထွက်ခွင့်တင်ပြလာသည့် အခြေအနေများ၊ League Cup ပြိုင်ပွဲအစား နိုင်ငံတကာပြိုင်ပွဲများ၏ ပြက္ခဒိန်နဲ့အညီ ရှုံး/ထွက်ပြိုင်ပွဲပြန်လည်ကျင်းပသွားမည့် အခြေအနေများ၊ လူငယ်ပြိုင်ပွဲများတွင် ကစားသမားများ အသက်မှန်ကန်မှုရှိရန်နှင့် Match Fixing ပိုင်းအား အထူးကြပ်မတ်စိစစ်၍ ထိထိရောက်ရောက် အရေးယူသွားမည့် အခြေအနေများ၊ ကလပ်အသင်းများ Betting စပွန်ဆာရယူမှုကို ပိတ်ပင်တားဆီးသွားမည့်အခြေအနေများကို ပြောကြားခဲ့သည်ဟု သိရသည်။
သတင်း အပြည့် အစုံ ဖတ်ရှုရန် - - - >>>
https://news-eleven.com/article/311154
Обсуждение 1
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram